၂၀၂၂ ခုနှစ်, သြဂုတ်လ ၁၃ ရက်နေ့မှာတော့ ပဲခူးမြစ်ကမ်းနံဘေးမှာရှိတဲ့ Excel River View Hotel မှာ သဘာဝအလှတွေကိုခံစားရင်း စိတ်ပင်ပန်းနေမှုတွေကို ဖြေဖျောက်ဖို့အတွက် event ပွဲလေးပြုလုပ်ခဲ့ပါတယ်။ Brycen ကနေစီစဥ်ပေးတဲ့ event ပွဲလေးမှာဆိုရင် တေးသရုပ်ဖော်မှု၊ ပြဇာတ်သရုပ်ဖော်မှု သီချင်းသီဆိုမှုနဲ့ ဂိမ်းအစီအစဥ်များစွာ ပါဝင်ပြီးတော့ ပျော်ခဲ့ရတဲ့နေ့လေးအဖြစ် မှတ်တိုင်အသစ် ထပ်ပြီးစိုက်ထူနိုင်ခဲ့ပါတယ်။
Brycen Myanmrရဲ့အပန်းဖြေခရီးသွားခြင်းအမှတ်တရပုံရိပ်များ2020 Brycen Myanmar ရဲ့ annual tripကိုတော့Brycen Myanmar Yangon နဲ့Brycen Myanmar Mandalayမှဝန်ထမ်းများအတူတကွငပလီကမ်းခြေကိုသွားခဲ့ကြပါတယ်။
Brycen Myanmar ကုမ္ပဏီ၏ ၂၀၁၉ခုနှစ် အပန်းဖြေခရီးစဉ်အဖြစ် (၉ရက်နေ့မှ ၁၁ရက်နေ့ထိ) ငွေဆောင် ကမ်းခြေသို့ သွားရောက်ခဲ့ပါသည်။ Aureum Palace ဟော်တယ်၏ SeaView တွင်တည်းခို၍ ကောင်းမွန်ပြည့်စုံသောဝန်ဆောင်မှုများဖြင့် အနားယူခဲ့ကြပါသည်။
Brycen Myanmar Co.,Ltd ရုံးခန်းအား နေရာသစ်သို့ပြောင်းရွှေ့လိုက်ပါသည်။ ဝန်ထမ်းဦးရေ တိုးလာသည်နှင့်အမျှ ပိုမိုကျယ်ဝန်းသော အခန်းအားရှာဖွေပြီး ရုံးခန်းပြောင်းရွှေ့ခြင်းအား စက်တင်ဘာ၂၂ရက် ၂၀၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
Brycen Corporation ကြီးတစ်ခုလုံးအနေဖြင့် လစဉ်လတိုင်း Quality Improvement System(QIS) အားပြုလုပ်ကြပါသည်။
2017-11 မှ 2018-10 လပိုင်းအထိ မိမိကုမ္ပဏီမှ ပြုလုပ်သော Activityများထဲမှ ခေါင်းစဉ်တခုအားရွေးချယ်၍ brycen ကုမ္ပဏီခွဲများ ပြိုင်ပွဲကျင်းပခဲ့ကြသည်။
ကုမ္ပဏီများထဲမှ ၆သင်းအား စကာတင်ရွေးချယ်ခဲ့ရာ ကျွန်တော်တို့ Brycen Myanmar ကုမ္ပဏီလည်း ပါဝင်ခဲ့ပါသည်။
၂၀၁၈ ဇူလိုင်လ ၂၆ရက်နေ့တွင် Brycen Myanmar Co.,Ltd ၏ဝန်ထမ်းများ အချင်းချင်း ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ညစာစားပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဌာနအသီးသီးမှ လက်ရှိလုပ်ကိုင်နေသော ဝန်ထမ်းများအပါအဝင် Internshipအဖြစ် လာရောက် လုပ်ကိုင်နေသော ကျောင်းသားများလည်း အတူတကွ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ညစာစားရုံသာမက ဝန်ထမ်းများပိုမိုပျော်ရွှင်စေရန် ရည်ရွယ်ကာ အုပ်စုဖွဲ့၍ ဂိမ်းများကစားပြီး အနိုင်ရရှိသောအသင်း၃သင်းအား ဆုများပေးအပ်ခဲ့ပါသည်။
4 June 2018 မှစတင် ၍ Brycen Myanmar Co.,Ltd မှ ထားဝယ်ကွန်ပျူတာ တက္ကသိုလ် ေ နာက်ဆုံးနှစ်ကျောင်းသား (၉)ဦး အား အလုပ်သင် (internship) ပြုလုပ်ပေး ခဲ့ပါသည်။ အလုပ်သင်ကာလမှာ (၃)လဖြစ်ပါသည်၊၊
Brycen Myanmar Co.,Ltd မှvolunteers အနေဖြင့် DreamTrain Organizationကျောင်းသားများအား Computer Basic သင်တန်းအား 2018,May21မှစတင်၍ 5ရက်ကြာသင်ကြားခဲ့သည်။ Computer Basic သင်တန်းကိုတက်ရောက်ခဲ့သော သင်တန်းသား များအား Brycen Myanmar Co.,Ltd အား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပါသည်။ လာရောက်သင်ယူသော အတန်းသားများမှလည်း Brycen Myanmar Co.,Ltd အား ကျေးဇူးတင်ရှိကြောင်း စာလွှာများ ရေးကာ ပေးပို့ခဲ့ပါသည်။
Brycen Myanmar Co.,Ltd မှ ၂၀၁၈၊မေလ 5ရက်တွင်ဝန်ထမ်းများ ပိုမိုရင်းနှီးမှုရရှိစေရန်Tai Pot တွင် mini party ကျင်းပပေးခဲ့ပါသည်။ ဂျပန်လူမျိုး MD နှင့်ဝန်ထမ်းများအားလုံးပျော်ရွှင်စွာပါတီဆင်နွှဲရင်းဓါတ်ပုံ များရိုက်ခဲဲ့ကြပါသည်။ ပျော်စရာကောင်းသော ပါတီတစ်ခုဖြစ်ခဲ့ပါသည်။
Brycen Myanmar Co.,Ltd ါ်၏ဝန်ထမ်းနှစ်ကုန်မိတ်ဆုံစားပွဲကို M3 စားသောက်ဆိုင်တွင်Dec 22၌ ပြုလုပ်ခဲ့သည်။၀န်ထမ်းများအားလုံးပျော်ရွှင်စရာGameအစီစဉ်များကစားရင်း၊အစားသောက်များလည်းစားသောက်ရင်းပျော်ရွှင်စွာပါ၀င်ဆင်နွှဲခဲ့ကြသည်။