ဇူလိုင်လအတွက် ဝန်ထမ်းများ mini party ကို ဇူလိုင်လ၂ရရက်နေ့ ညနေ၅ခွဲမှစတင်၍ ကျင်းပခဲ့ပါသည်။ Brycen Myanmar ရှိဝန်ထမ်းစုစုပေါင်း ၂၂ယောက်အပါအဝင် Brycen Japan ဘက်မှ ဂျပန်လူမျိုးတယောက်လည်းပဲ party တွင်ပါဝင်ဆင်နွှဲခဲ့ပါသည်။ ဝန်ထမ်းများမှ လက်ရှိလုပ်ကိုင်နေသော project တခုချင်းစီအားရှင်းလင်းပြောဆိုခဲ့ပြီး စားသောက်ပွဲကိုလဲ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ပါသည်။
Survey Making Systemသည် အွန်လိုင်းစစ်တမ်းကောက်ယူသောစနစ်ဖြစ်ပါသည်။ဤစနစ်သည်လွယ်ကူ ပြီး စစ်တမ်းအားဖြေဆိုမည့်သူများ register လုပ်ထားနိုင်ခြင်း၊ စစ်တမ်းမေးခွန်းများကိုုကြိုက်နှစ်သက်သလိုပြုလုပ်နိုင်ခြင်း၊ ပြင်ဆင်နိုင်ခြင်း၊ ဖြေဆိုရမည့်သူများကို အီးမေးလ်ပို့ပြီးသတိပေးနိုင်ခြင်း စသည်ဖြင့်ပါဝင်ပါသည်။
ကုမ္ပဏီအတွင်း၌ လိုအပ်သောပစ္စည်းအား Orderမှာယူရန် အသုံးပြုသောSystem တစ်ခုဖြစ်ပါတယ်။ ပထမဦးစွာ လိုအပ်သောပစ္စည်းအား မှာယူရန် System တွင် Registerလုပ်ပြီး အထက်အရာထံသို့ Orderမှာယူရန် တောင်းဆိုပါသည်။
ဇွန်လ ၂၈ရက်နေ့က Brycen Myanmar Co.Ltdမှာ Mini Party လေးတစ်ခုကျင်းပခဲ့ပါတယ်….၀န်ထမ်းများမှလဲ ယခုဆောင်ရွက်လျက်ရှိသော project များကိုရှင်းလင်းပြောပြပေးခဲ့ကြပြီး ပျော်ရွှင်စွာ စားသောက်ရင်း ဓါတ်ပုံတွေလည်း ရိုက်ခဲ့ကြပါတယ်..
လုပ်ငန်းခွင်ပင်ပန်းမူကိုလျှော့ကျစေရန်၊ဝန်ထမ်းများအချင်းချင်း ရင်းရင်းနှီးနှီးစည်းစည်းလုံးလုံးရှိစေရန် ရည်ရွယ်ပြီးကျင်းပခဲ့သည်။ ဂျပန်လူမျိုးMDကလည်းRZarniရဲ့ကိုယ့်နားရှိစေချင် သီချင်းကိုသီဆိုပြခဲ့ပါသည်။ ဝန်ထမ်းများအားလုံးလည်းပျော်ရွှင်စွာစားသောက်ရင်း ဓာတ်ပုံတွေလည်းရိုက်ခဲ့ကြပါသည်။