Blogs

RESOURCES

BLOGS

Personal Income Tax အပြောင်းအလဲနဲ့ ခေါင်းအေးစေမယ့် BAMAWL HR Software

日付

Posted By

共有 :

Facebook
Twitter
LinkedIn

အပြောင်းအလဲကိုလူတွေမကြိုက်ကြပါဘူး။

VUCA ဆိုတဲ့ စကားလုံးကို အမေရိကန်စစ်တပ်ကနေပြီးတော့ အီရတ်နဲ့ အာဖရိကန်နစ္စတန် မှာ ဖြစ်ပျက် နေခဲ့တဲ့ အလွန်အစွန်းရောက်တဲ့ အခြေအနေတွေကို ဖေါ်ပြတဲ့အခါမှာ အသုံးပြုခဲ့ပါတယ်။ ဆိုလိုတာက Volatile (မှန်းဆလို့မရတဲ့ တက်လိုက်ကျလိုက် မတည်ငြိမ်တဲ့ အနေအထား)၊ Uncertain (မသေချာ မရေရာတဲ့ အခြေအနေ)၊ Complex (အရမ်းကိုရှုပ်ထွေးပွေလီနေတဲ့အရာ)၊ Ambiguous (ဟိုလိုလို ဒီလိုလိုနဲ့မရှင်းမလင်းအဖြစ်အပျက်များ) စတာတွေပဲဖြစ်ပါတယ်။

အမှန်တကယ်ကတော့ VUCA အခြေအနေက အီရတ်၊ အာဖရိကန်နစ္စတန် မှာပဲ ရှိနေတတ်တာ မဟုတ်ပါဘူး။ လက်ရှိ လုပ်ငန်းအလုပ်အကိုင်တွေအထဲမှာ၊ မိသားစုတွေအထဲမှာ၊ ရပ်ကွက်ကျေးရွာ နိုင်ငံတွေ အထဲမှာပါ နေရာအနှံ့ရှိနေတတ်ပြီး ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေကို ဦးနှောက်တွေစားကာ အခက်တွေကိုကြုံတွေ့နေစေတတ်တဲ့ အရာတွေပဲဖြစ်ပါတယ်။

Volatile: လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေက အရင်ကလိုမျိုး မဟုတ်တော့ပဲ တဖြည်းဖြည်းနဲ့ မှန်းဆဖို့ရာ အရမ်းကို ခက်ခဲလို့နေပါတယ်။ အတက်အကျတွေက အရမ်းကြမ်းတယ်။ တနေ့ရွှေ၊ တနေ့ငွေဖြစ်လို့နေတယ်။ တိုးတက်နေတဲ့ နည်းပညာတွေအရ ဆက်သွယ်ရေးတွေ ကောင်းမွန်ဖွံ့ဖြိုး လာပြီး ကမ္ဘာကြီးကလည်း ကျဉ်းလို့လာပါတယ်။ ဘယ်အရာကိုမှ ပုံသေကားချပ် မှတ်ထားဖို့ရာ မလွယ် ကူနိုင်တော့ပဲ ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးတွေရှိလာ နေပါတယ်။

Uncertain: ဘယ်အရာကိုမှ ပုံသေကားချပ်သတ်မှတ်လို့မရမှတော့ အရာရာဟာ မကျိန်းမသေ မသေ မချာမှုတွေနဲ့ ပြည့်လို့နေပါတယ်။ သေသေချာချာသိမှ ဆုံးဖြတ်ချက်တွေချမယ်ဆိုရင်တော့ အရမ်းကို ခက်ခဲနေမှာ ဖြစ်ပါတယ်။

Complex: အခြေအနေအရပ်ရပ်တွေက အတော်လေးကို ရှုပ်ထွေးနေတတ်ပါတယ်။ ပြဿနာပေါင်း များစွာနဲ့ ရင်ဆိုင်နေရတတ်ပြီး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လူတွေရဲ့ လိုအပ်ချက်၊ ကုန် ပစ္စည်း ပြဿနာအခက်အခဲ စတာတွေနဲ့ အရာရာက ပိုမိုလို့ ရှုပ်ရှက်ခက်နေတတ်ပါတယ်။

Ambiguous: အရာရာအားလုံးဟာ မရှင်းမလင်းနဲ့ မှုန်ဝါးဝါး ဖြစ်နေတတ်ပါတယ်။ မရှင်းလင်း မပြတ်သားတဲ့ အခြေအနေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း စတာတွေက ဦးဆောင်သူတွေကို ဇဝေဇဝါ ဖြစ်နေစေတတ်ပါတယ်။ ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်နိုင်ဖို့ ဆိုတာ အတော်လေးကို အခက် အခဲတွေရှိစေပါတယ်။

ဒါကြောင့် အဲ့ဒီလို ဖြစ်ပျက်နေတတ်တဲ့ အခြေအနေတွေကို အီရတ် အာဖရိကန်နစ္စတန် မှာ ဖြစ်ပျက် နေတဲ့ အစွန်းရောက် အခြေအနေအတွက် ဖေါ်ညွှန်းထားတဲ့အသုံးအနှုန်း VUCA ကို ခေါင်းဆောင် တစ် ယောက် အနေနဲ့ နားလည်ဖို့ရာ အလွန်လိုအပ်လှတာ ဖြစ်ပါတယ်။ ဒီလို ဆိုးဝါးလှတဲ့ VUCA အခြေအနေ တွေကို ရင်ဆိုင်တုန့်ပြန်ဖို့ အတွက်ကတော့ နောက်ထပ် VUCA အခြေအနေတစ်ရပ်ကို ဦးဆောင်သူတွေ အနေနဲ့ ဖန်တီး တည်ဆောက်ထားနိုင်ဖို့လိုအပ်လှပါတယ်။ အဲ့ဒါကတော့ Vision (အမြော်အမြင်ရှိခြင်း)၊ Understanding (အခြေအနေအရပ်ရပ်ကို ကောင်းစွာနားလည် သဘောပေါက်ခြင်း)၊ Clarity (ရှင်းလင်းမြင်သာစွာ လုပ်ဆောင်နိုင်ခြင်း)၊ Agility (လိုအပ်လျှင်လိုအပ်သလို ပြင်ဆင်ပြောင်းလဲ တုန့်ပြန်နိုင်ခြင်း) စတာတွေပဲဖြစ်ပါတယ်။

မပြောင်းလဲတဲ့ ပြောင်းလဲခြင်းကတော့ ပြောင်းလဲခြင်းပါပဲ။ ဦးဆောင်သူတွေအနေနဲ့ ခက်ခဲလှတဲ့ VUCA လောကကြီးကို ရှင်းလင်းတဲ့ အတွေးအခေါ် အမြော်အမြင်၊ မှန်ကန်တဲ့ ခံယူချက်၊ နားလည်မှု၊ စိတ်နေ စိတ်ထား၊ ရဲရဲဝံ့ဝံ့ ဆုံးဖြတ် လုပ်ကိုင် ဆောင်ရွက်တတ်တဲ့ သတ္တိတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ကြဖို့ ဖြစ်ပါ တယ်။

လစာတွက်တဲ့အလုပ်ကရှုတ်ထွေးလှပါတယ်။

လက်ရှိမြန်မာနိုင်ငံအနေအထားကလည်း အပေါ်မှာရှင်းပြခဲ့သလိုပဲ VUCA အနေအထားနဲ့ရင်ဆိုင်နေ ရတာဖြစ်ပါတယ်။ COVID-19 ရဲ့ လှိုင်းလုံးတွေ တစ်လုံးပြီး တစ်လုံး ရိုက်ခက်လာတဲ့ ဒဏ်တွေ ကြောင့်က တစ်မျိုး၊ မတည်ငြိမ်တဲ့ နိုင်ငံရေး အလှည့်အပြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခက်မှု ဒဏ်တွေကြောင့်က တစ်ဖုံ အတော်လေး ခံစားနေကြရတယ်လို့ ပြောလို့ရနိုင်ပါတယ်။

ဒီလိုရိုက်ခက်မှုဒဏ်တွေကို ခံနေကြရတဲ့သူတွေအထဲမှာ လုပ်ငန်းအဖွဲ့အစည်းတွေရဲ့ HR ဌာနကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အချို့ ကုမ္ပဏီတွေက ဒီအခြေအနေမှာ ဆက်လက်မရပ်တည်နိုင်တော့လို့ ပိတ်လိုက်ရတာမျိုးတွေရှိပါတယ်။ အချို့ လုပ်ငန်းတွေကလည်း ဝန်ထမ်းတွေကိုလျော့ချကြရပါတယ်။ ဒီလို ကိစ္စတွေကို အလုပ်ရှင် အလုပ်သမားအကြားမှာ ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက် ရတာကလည်း မလွယ်ကူလှပါဘူး။ အထူးသဖြင့် လစာကိုတွက်ချက်ရတာတွေ၊ နစ်နာကြေးတွေကို တွက်ချက်ရတာတွေဟာ ရှုပ်ထွေးလှပါတယ်။ ဒီလို ရှုပ်ထွေးလှတဲ့ ကိစ္စတွေအထဲမှာ နိုင်ငံရဲ့ ဥပဒေအမိန့် အပြောင်းအလဲတွေကလည်း လာပြီး ရိုက်ခက်တာကိုလည်း ခံနေရပါတယ်။

ဥပမာ တစ်ခုအနေနဲ့ ပြောရရင် ဝန်ထမ်းတွေရဲ့ ဝင်ငွေခွန် တွက်ချက်ပုံတွေမှာ အပြောင်းအလဲ ဖြစ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် သာမာန်အချိန်မှာတောင် မြန်မာနိုင်ငံရဲ့ ဝင်ငွေခွန်တွက်ချက် တဲ့နည်းလမ်းတွေက မရိုးရှင်းမလွယ်ကူလှပါဘူး။ တစ်နှစ်အတွင်းလစာဝင်ငွေ (၄၈) သိန်းနဲ့ အထက်ရရှိ သူတိုင်းက ဝင်ငွေခွန်ကို ဆောင်ရပါတယ်။ ဒီလိုဆောင်တဲ့နေရာမှာ တစ်နှစ်အတွင်းလစာဝင်ငွေ စုစုပေါင်းကနေ သက်သာခွင့်တွေကို နုတ်ပယ်ပြီး ကျန်ရှိနေသေးတဲ့ပမာဏအပေါ်မှာ မူတည်ပြီး ဝင်ငွေ ခွန်ကိုတွက်ချက်ရပါတယ်။ သက်သာခွင့်တွေကိုလည်း အမျိုးမျိုးသတ်မှတ်ထားပါတယ်။ အခြေခံ သက်သာခွင့်၊ အတူနေမိဘတွေအတွက်သက်သာခွင့်၊ အခွန်ထမ်းဝန်ထမ်းမဟုတ်တဲ့ အိမ်ထောင်ဖက် အတွက် သက်သာခွင့်၊ သားသမီးများအတွက်သက်သာခွင့်၊ အခွန်ထမ်းနဲ့ အိမ်ထောင်ဖက်ရဲ့ အသက် အာမခံပရီမီယံပေးသွင်းငွေပမာဏ၊ လူမှုဖူလုံရေးရံပုံငွေအတွက် အမှန်ထည့်ဝင်ငွေပမာဏတွေက သက် သာခွင့်တွေပဲဖြစ်ပါတယ်။

ဒီလိုသက်သာခွင့်တွေကိုပယ်နုတ်ပြီးကျန်ရှိတဲ့ဝင်ငွေပမာဏကို အခွန်စည်းကြပ်ဖို့အတွက် တွက်ချက်တဲ့ နေရာမှာလည်း ရှုပ်ထွေးလှပါတယ်။ ၎င်း အခွန်စည်းကြပ်ထိုက်တဲ့ဝင်ငွေကို အလွှာတွေခွဲပြီး ရာခိုင်နှုန်း အမျိုးမျိုးသတ်မှတ်ထားတဲ့ဇယားအရ အသေးစိတ်တွက်ချက်ရပါတယ်။ နိုင်ငံတကာက ဝင်ငွေခွန် တွက်ချက်ပုံနဲ့ ဒီလိုမျိုး မတူကွဲပြားမှုတွေရှိနေတာကြောင့် နိုင်ငံတကာမှာ အသုံးများကြတဲ့ HRIS Software တွေက ဝန်ထမ်းလစာတွက်ချက်ဖို့အတွက် အခက်အခဲတွေကြုံရတတ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီအတော်များများက ကိုယ့်ဘာသာကိုယ် Excel ကိုအသုံးပြုပြီးတွက်ချင်လျှင် တွက်၊ ဒါမှမဟုတ်လျှင်လည်း ဒီလိုမျိုးအနေအထားတွေကို အဆင်ပြေပြေတွက်ချက်ပေးနိုင်မယ့် ပြည် တွင်း HR Software တွေကို အသုံးများလာကြပါတယ်။ ဒီအထဲမှာ Brycen Myanmar ရဲ့ BAMAWL HR Software ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

BAMAWL ကခေါင်းအေးစေပါတယ်။

ဒီလိုမျိုး သူများနိုင်ငံတွေနဲ့မတူ တမူထူးခြားတဲ့ လစာတွက်ချက်ပုံတွေကို အဆင်ပြေအောင် ကြိုးစား လုပ်ကိုင်နေရတဲ့ ကုမ္ပဏီတွေရဲ့ HR ဌာနအဖို့ နောက်ထပ် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတစ်ခုကတော့ နိုင်ငံ တော်က ဝင်ငွေခွန်ဥပဒေကို အပြောင်းအလဲတွေ ပြုလုပ်တဲ့အခါ ကြုံတွေ့ရတဲ့ ရိုက်ခက်မှုတွေပဲ ဖြစ် ပါတယ်။ အထူးသဖြင့် အခွန်အခတွေကို တွက်ချက်ဖို့အတွက် သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးနှစ် သတ် မှတ်ပုံတွေ ကို ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ ဒီအခါမှာ အပြောင်းအလဲ စလုပ်တဲ့နှစ်အတွက် အဆင် ပြေအောင် Mini Financial Year ဆိုပြီး ကာလကိုခြုံ့ချလိုက်တာတွေကြုံရပါတယ်။ ဒီအခါမှာ တစ်နှစ် စာ ဝင်ငွေခွန်တွက်ချက်မှုတွေအတွက် HR Software အထဲက သတ်မှတ်ထားတဲ့ တွက်ချက်နည်းတွေကို လိုက်ပြီးပြင်ဆင်ဖို့တွေ စဉ်းစားလာရပါတယ်။

ဒီ့အပြင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ကစပြီး အခွန်စည်းကြပ်ထိုက်တဲ့ ဝင်ငွေကနေ ဝင်ငွေ ခွန်တွက်ချက်တဲ့အခါ လိုက်နာရတဲ့ တွက်ချက်ပုံဇယားမှာလည်း အပြောင်းအလဲတွေရှိလာပါတယ်။ ဒီလို အပြောင်းအလဲမျိုးတွေရှိလာတဲ့အခါတိုင်းမှာ မိမိတို့အသုံးပြုနေတဲ့ HR Software တွေကဘယ်လောက် အတိုင်းအတာအထိ အလျင်အမြန် လိုအပ်သလို အပြောင်းအလဲ လုပ်ပေးနိုင်သလဲ ဆိုတဲ့အချက်က အရေးကြီးလာပါတယ်။ ဒီလိုမျိုး HR တွေ ခေါင်းရှုပ်ရမယ့်ကိစ္စတွေမှာ BAMAWL HR Software ကတော့ အသုံးပြုတဲ့သူတွေကို ခေါင်းအေးစေပါလိမ့်မယ်။ ဒီလိုမျိုး အပြောင်းအလဲတွေထွက်ပေါ် လာတိုင်း BAMAWL HR Software ကတော့ HR ဌာနတွေရဲ့ လိုအပ်ချက်တွေအပေါ်မူတည်ပြီး အချိန်နဲ့ တပြေးညီ ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ BAMAWL HR Software မှာရှိတဲ့ ကျွမ်းကျင်သူများက မြန်ဆန်တိကျစွာ လိုအပ်သလို ပြင်ဆင်မွမ်းမံမှုတွေကို လုပ်ပေးနိုင်စွမ်းရှိတာကြောင့် စိတ်ညစ်စရာ တွေများတဲ့ ဒီ VUCA အခြေအနေနဲ့ အပြောင်းအလဲတွေရဲ့ ရိုက်ခက်မှုဒဏ်တွေရဲ့ အကြားမှာ အလူး အလိမ့်ခံနေရတဲ့ HR တွေကို ခေါင်းအေးစေပါလိမ့်မယ်ဆိုတာကို သတင်းကောင်းပေးချင်တာဖြစ် ပါတယ်။

共有 :

Read More Blogs

Reset Password

サインアップ

会員登録してご参加ください。

サインイン

おかえり!またお会いできて嬉しいです。

Sign in

Welcome back! It’s great to you see you again.

Reset Password

Sing Up

Sign up to join as our member.