ဇူလိုင်လအတွက် ဝန်ထမ်းများ mini party ကို ဇူလိုင်လ၂ရရက်နေ့ ညနေ၅ခွဲမှစတင်၍ ကျင်းပခဲ့ပါသည်။ Brycen Myanmar ရှိဝန်ထမ်းစုစုပေါင်း ၂၂ယောက်အပါအဝင် Brycen Japan ဘက်မှ ဂျပန်လူမျိုးတယောက်လည်းပဲ party တွင်ပါဝင်ဆင်နွှဲခဲ့ပါသည်။ ဝန်ထမ်းများမှ လက်ရှိလုပ်ကိုင်နေသော project တခုချင်းစီအားရှင်းလင်းပြောဆိုခဲ့ပြီး စားသောက်ပွဲကိုလဲ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ပါသည်။
Survey Making Systemသည် အွန်လိုင်းစစ်တမ်းကောက်ယူသောစနစ်ဖြစ်ပါသည်။ဤစနစ်သည်လွယ်ကူ ပြီး စစ်တမ်းအားဖြေဆိုမည့်သူများ register လုပ်ထားနိုင်ခြင်း၊ စစ်တမ်းမေးခွန်းများကိုုကြိုက်နှစ်သက်သလိုပြုလုပ်နိုင်ခြင်း၊ ပြင်ဆင်နိုင်ခြင်း၊ ဖြေဆိုရမည့်သူများကို အီးမေးလ်ပို့ပြီးသတိပေးနိုင်ခြင်း စသည်ဖြင့်ပါဝင်ပါသည်။
ကုမ္ပဏီအတွင်း၌ လိုအပ်သောပစ္စည်းအား Orderမှာယူရန် အသုံးပြုသောSystem တစ်ခုဖြစ်ပါတယ်။ ပထမဦးစွာ လိုအပ်သောပစ္စည်းအား မှာယူရန် System တွင် Registerလုပ်ပြီး အထက်အရာထံသို့ Orderမှာယူရန် တောင်းဆိုပါသည်။