Ooredoo 4Gဝန်ဆောင်မှုစတင်ခြင်း

မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးလျက်ရှိသည့် အူရီဒူးမြန်မာကုမ္ပဏီသည်
4G ကွန်ရက်ကို ပထမဆုံးစတင်နိုင်ခဲ့ပါသည်။
အူရီဒူးမြန်မာသည် လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပုဂံဒေသတွင် 4G
ဝန်ဆောင်မှုပေးလျက်ရှိသည်။
အဆိုပါ LTE ဆိုသည်မှာ Long Term Evolution ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပြီး
3G ထက်ပိုမိုမြန်ဆန်သည့် ဒေတာမြန်နှုန်းရှိသော 4G / LTE  အမျိုးအစားဖြစ်ရာ ဒေတာ
များကို လျင်မြန်စွာအသုံးပြုနိုင်မည်ဖြစ်သောကြောင့် ဒေတာများကိုအချိန်တစ်ခဏအတွင်း
ဒေါင်းလုတ်ဆွဲနိုင်ခြင်း၊ ဂိမ်းများကိုလည်း အဆင်ပြေပြေ ဆော့ကစားနိုင်မည့် အတွေ့
အကြုံများ၊ HD ဗီဒီယိုများကို လျင်မြန်စွာမျှဝေနိုင်ပြီး အွန်လိုင်းအချက်အလက်များကို
ပိုမိုမြန်ဆန်စွာ မြန်နှုန်းနှင့်အတူ အသုံးပြုနိုင်တော့မည်ဖြစ်သည်။
Daily Eleven