Brycen | Brycen Myanmar

Brycen Myanmar

ကျွန်ုပ်တို့အကြောင်းအရာ

Brycen Myanmarမှကြိုဆိ

Brycen Myanmar ကုမ္ပဏီသည် Brycen Japan အဖွဲ့အစည်းထဲမှ ကုမ္ပဏီခွဲတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် Solution Business, System Development Business များအား ပိုမို ကျယ်ပြန့်လာစေရန် ရည်ရွယ်ထားပါသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလာဒ်အရ အုပ်ချုပ်မှု ပြောင်းလဲလာမယ့် မြန်မာနိုင်ငံသည် Infrastructure Development ပိုင်းတွင် တိုးတက်မှု သာမက စီးပွားရေး တိုးတက်မှုကလဲ ယခုထက်ပို၍ အရှိန်မြင့်လာမည် ဖြစ်သည်။ ကျွန်တော်တို့ Brycen Myanmar Company သည် မြန်မာလူမျိုးများ ကိုယ်တိုင် ပြီးပြည့်စုံသော လူ့အရင်းအမြစ် အဖွဲ့အစည်းကို တည်ထောင်နိုင်ရန်အတွက် ဝန်ထမ်းများနှင့်အတူ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော ကုမ္ပဏီ ဖြစ်ပါသည်။

BaMawl HR Integrated System

အံ့ဩဖွယ်ရာ ဒီဇိုင်း၊ ဖန်တီးမှုများဖြင့်အကောင်းဆုံးဝန်ဆောင်မှုများ

လုပ်ဆောင်ချက်

သင့်ပရောဂျက်အတွက် လိုအပ်သော
လုပ်ဆောင်ချက်များ၊ ရည်ရွယ်ချက်များ၊
သင်နှစ်သက်သော ဒီဇိုင်းများနှင့်
အချက်အလက်များကို စုဆောင်းပေးပါသည်။

ချစ်ခြင်းမေတ္တာနှင့်အတူဒီဇိုင်း

ဒီဇိုင်းရေးဆွဲရာတွင်အသေးစိတ်မှ
စပြီး အာရုံစိုက်ကာပြီးပြည့်စုံသော ဒီဇိုင်းများရေးဆွဲမူအပေါ်တွင်
ချစ်မြတ်နိုးကြသည်။

ပြီးပြည့်စုံသော ကုဒ်ရေးသားမှု

Wedsiteတစ်ခု၏အစိတ်အပိုင်း
များကို စီမံကိန်းရေးဆွဲထားမှု
အပေါ်အခြေခံပြီးတိုးတက်အောင်
ဖန်တီးသည်။

ထောက်ပံ့မှုများ

လိုအပ်သောအထောက်အပံ့
ပေးခြင်းဖြင့် ရေရှည်အောင်မြင်မှု
အတွက်စီမံကိန်းရေးဆွဲ
ဆောင်ရွက်လျက်ရှိသည်။

Latest News

၂၀၁၉ခုနှစ်ဖေဖော်ဝါရီလ အပန်းဖြေခရီးသွားခြင်း

Brycen Myanmar ကုမ္ပဏီ၏ ၂၀၁၉ခုနှစ် အပန်းဖြေခရီးစဉ်အဖြစ် (၉ရက်နေ့မှ ၁၁ရက်နေ့ထိ) ငွေဆောင် ကမ်းခြေသို့ သွားရောက်ခဲ့ပါသည်။ Aureum Palace ဟော်တယ်၏ SeaView တွင်တည်းခို၍ ကောင်းမွန်ပြည့်စုံသောဝန်ဆောင်မှုများဖြင့် အနားယူခဲ့ကြပါသည်။

Read More

ရုံးခန်းသစ်ပြောင်းရွှေ့ခြင်း

Brycen Myanmar Co.,Ltd ရုံးခန်းအား နေရာသစ်သို့ပြောင်းရွှေ့လိုက်ပါသည်။ ဝန်ထမ်းဦးရေ တိုးလာသည်နှင့်အမျှ ပိုမိုကျယ်ဝန်းသော အခန်းအားရှာဖွေပြီး ရုံးခန်းပြောင်းရွှေ့ခြင်းအား စက်တင်ဘာ၂၂ရက် ၂၀၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

Read More

QIS ပြိုင်ပွဲ

Brycen Corporation ကြီးတစ်ခုလုံးအနေဖြင့် လစဉ်လတိုင်း Quality Improvement System(QIS) အားပြုလုပ်ကြပါသည်။ 2017-11 မှ 2018-10 လပိုင်းအထိ မိမိကုမ္ပဏီမှ ပြုလုပ်သော Activityများထဲမှ ခေါင်းစဉ်တခုအားရွေးချယ်၍ brycen ကုမ္ပဏီခွဲများ ပြိုင်ပွဲကျင်းပခဲ့ကြသည်။ ကုမ္ပဏီများထဲမှ ၆သင်းအား စကာတင်ရွေးချယ်ခဲ့ရာ ကျွန်တော်တို့ Brycen Myanmar ကုမ္ပဏီလည်း ပါဝင်ခဲ့ပါသည်။ ရွေးချယ်ခံရသော စကာတင်ကုမ္ပဏီများသည် 2018-08-20 ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခဲ့ရာ Brycen Myanmar ကုမ္ပဏီမှ ပထမဆု ဆွတ်ခူးရရှိခဲ့ပါသည်။ ကုမ္ပဏီ၏ Activity Sharing လေးအား ဖတ်ရှူပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။ အားလုံးသော မိတ်ဆွေများ သာယာပြည့်စုံသော နေ့လေးတစ်နေ့ ဖြစ်ပါစေ။

Read More